လက်လွှတ်လိုက်ဖို့ အချိန်တန်ပြီဆိုတာဦးနှောက်က သိနေပေမဲ့ နှလုံးသားကတော့တစ်ခုခုကို ဆုပ်ကိုင်ထားဆဲပဲ..တ…
انتشار: 2026/07/04 15:17 UTC
လက်လွှတ်လိုက်ဖို့ အချိန်တန်ပြီဆိုတာဦးနှောက်က သိနေပေမဲ့ နှလုံးသားကတော့တစ်ခုခုကို ဆုပ်ကိုင်ထားဆဲပဲ..တကယ်တော့ ပင်ပန်းနေတာကပတ်သတ်မှုကြောင့်တင် မဟုတ်ဘဲမပြတ်သားနိုင်တဲ့ကိုယ့်ရဲ့ စိတ်ကြောင့်လည်းပါတယ်...နှုတ်ဆက်လိုက်ရမှာကို..ကြောက်နေမိသလိုဆက်ပြီးဆုပ်ကိုင်ထားပြန်တော့လည်းကိုယ့်အတွက် နေရာမရှိမှန်း သိနေရတာကတကယ်ကို စိတ်ညစ်ဖို့ကောင်းတဲ့ သံသရာပါပဲအဆင်ပြေသွားမှာပါ ဆိုတဲ့မျှော်လင့်ချက်အမှားတွေနဲ့ ကိုယ့်ကိုကိုယ်လိမ်ညာနေရတာလည်း ပင်ပန်းလှပါပြီ သူကတော့ မပြောင်းလဲဘဲကိုယ်ကပဲ အမြဲတမ်း အလျှော့ပေး အလိုက်သိနေရတဲ့ အခြေအနေမှာငါ့ရဲ့တန်ဖိုးက ဘယ်နားမှာလဲလို့မေးခွန်းထုပ်နေမိတယ် ရှေ့ဆက်ဖို့လည်း လမ်းမမြင် နောက်ဆုတ်ဖို့လည်း အင်အားမရှိဘဲလမ်းလယ်မှာတင် ရပ်နေရတာဟာ တကယ်တော့ လက်တွေ့ကလူသေတယောက်လိုရှင်သန်နေရတာနဲ့အတူတူပါပဲ..ဒီလို မရေရာတဲ့ ခံစားချက်တွေနဲ့ရှင်သန်နေရတဲ့ နေ့ရက်တွေကို အဆုံးသတ်ချင်ပေမယ့် ကိုယ့်ရဲ့ စိတ်က အလိုလို ဆွဲထားမိနေတုန်းပဲဘယ်တော့မှ အဆုံးသတ်နိုင်မလဲ မသိတဲ့ ဒီပင်ပန်းမှုတွေ ကြားမှာတကယ်ကို ပင်ပန်းနေပြီ တနေ့တော့ ဒီမပြတ်သားမှုတွေ ကြားကနေ ရုန်းထွက်နိုင်ပါစေလို့ဘဲ ဆုတောင်းနေမိတော့တယ်....#Crd


